contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

ရေကူး အသင်း
Chapter 1
မိုးသက်ဟန်

ဒီဇာတ်လမ်းကိုကျမရှင့်ရည်းစား ဖြစ်နေတုန်းကမပြောခဲ့ဘူး။ရှင်ကတော့ တစ်လျှောက်လုံးမေးနေခဲ့တာပဲလေ။ ရှင့်ခန်.မှန်းချက် တွေကကြောက်လန်.ဖို.ကောင်းလောက်အောင် နီးစပ်ခဲ့တယ် ကျမဟာအမြှောင် မယားတစ်ယောက်တဲ့လား။ ဘဲလ်ဗက်ဒါမှာ ပြည့်တန်ဆာလုပ်ငန်းကို နီဗားဒါးမှာလိုတရားဝင်ခွင့်ပြုထားလား။ ကျမတစ်နှစ်ပတ်လုံးကိုယ်လုံးတီးဖြစ်နေခဲ့သလား။ အမှန်တရား ကအချည်းနှီးဖြစ်နေပုံပဲ။ပြီးတော့ အမှန်တရာဒဟာဗလာဟင်းလင်းဆိုတာကျမအချိန်မီနားလည်ခဲ့တယ်။ ပြီးတော့ ကျမဟာရှင့်ရဲ. ရည်းစား ဖြစ်နိုင်တော့မှာမဟုတ်ဘူး။

ကျမဘဲလ်ဗက်ဒါမှာနေချင်ခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့်လည်းနေရာပြောင်းဖို. အတွက် ကျမမိဘတွေဆီကနေပိုက်ဆံမတောင်း ချင်ခဲ့ဘူး။ မြို.လို.ခေါ်လို.တောင် မရလောက်အောင် သေးငယ်တဲ့မြို.လေးမှာကျမအထီးကျန်စွာနိုးထလာရတာကိုမနက်တိုင်း တုန်လှုပ်မိတယ်။ ဓာတ်ဆီဆိုင်နားမှာအိမ်တွေရှိတယ်။ ပြီးတော့ နောက်တစ်မိုင်လောက်ပဲ။ မြို.က အဲဒါပဲ။ ကျမမှာကားမရှိဘူး။ ဖုန်းမရှိဘူး။ ကျမအသက်ကအဲဒီတုန်းက နှစ်ဆယ့်နှစ်။ ကျမမိဘတွေဆီကိုအပတ်တိုင်းကျမ R.E.A.D လို.ခေါ်တဲ့ ပရိုဂရမ်မှာ အလုပ်လုပ်တဲ့ ဇာတ်လမ်းတွေကိုစာရေးပြောပြတယ်။ ကျမတို.လေလွင့်ကလေးတွေကိုစာဖတ်ပြတယ်။ အစိုးရကထောက်ပံ့ ပေးထားတဲ့ ရှေ.ပြေးပရိုဂရမ်ပါ။ R.E.A.D စာလုံးတစ်လုံးစီရဲ.အရှည်တွေကဘာလဲဆိုတာတောင် ကျမမသိပါဘူး။ဒါပေမယ့် ကျမစာရေးတိုင်းရှေ.ပြေးပရိုဂရမ်လို. ရေးလေ့ရှိတယ်။ အဲဒီလိုရေးရတာကိုကျမသဘောကျလို.လာတယ်။အစောပိုင်းကုသမှု အစီအစဉ်လို.လည်းကျမရေးတတ်သေးတယ်။

ဒီဇာတ်လမ်းကသိပ်ရှည်မှာတော့ မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီနှစ်နဲ.ပက်သက်ပြီးအံ့သြဖို.ကောင်းတာကဘာဆိုဘာမှ မဖြစ်ခဲ့လို.ပဲ။ ဘဲလ်ဗက်ဒါကလူတွေကကျမနာမည်ကိုမာရီယာလို. ပဲထင်ခဲ့တယ်။ မာရီယာလို.လည်းကျမတစ်ခါမှ မပြောခဲ့ပါဘူး။ ဒါပေမယ့်လည်းအဲဒီလိုဖြစ်ခဲ့တယ်။ ကျမရဲ. နာမည်အရင်းကိုလူသုံးယောက်ကိုတော့ ကျမပြောပြခဲ့မိတယ်။ အဲဒီသုံးယောက်က အဲလိဇဘတ်၊ကယ်လ်ဒါနဲ. ဂျက်ဂျက် ဆိုတဲ့ သုံးယောက်ပါ။ ဘာ့ကြောင့် ဂျက် နှစ်ခါထပ်နေလဲဆိုတာကျမမသိဘူး။ ကယ်လ်ဒါဆိုတဲ့ နာမည်နဲ.ပက်ပြီးလည်းကျမမသေချာပါဘူး။ ဒါပေမယ့် အဲဒီလိုမျိုးအသံထွက်တာတော့ သေချာတယ်။ ကျမသူ.နာမည်ခေါ်တိုင်း အဲဒီလိုထွက်ခဲ့တာပဲ။ ကျမအဲဒီလူသုံးယောက်ကိုရေကူးသင်ပေးခဲ့လို. သူတို.နာမည်တွေ သိနေခဲ့တာပါ။

ဘဲလ်ဗက်ဒါမှာရေကူးစရာနေရာဆိုလို. လားလားမှ မရှိသလိုရေကူးကန်ဆိုတာလည်းလုံးလုံးမရှိတာကကျမဇာတ်လမ်းရဲ. အဓိက အချက်ပါပဲ။ တစ်နေ.မှာသူတို. သုံးယောက် ဒီအကြောင်းတွေကိုစတိုးဆိုင်ထဲမှာပြောနေခဲ့ကြတယ်။ ဂျက်ဂျက်ပေါ့။ ခုဆိုရင် အသက်ကြီးလွန်းလို. သေလောက်ပါပြီ။ သူကသူနဲ. ကယ်လ်ဒါဟာရေမကူးတတ်တာကြောင့် ရေနစ်သေရင် ဥပဒေနဲ. ငြိနိုင်လို. ပြောတယ်။ အဲလိဇဘတ်ဟာကယ်လ်ဒါရဲ. ၀မ်းကွဲ ညီမလို. ကျမထင်တယ်။ ကယ်လ်ဒါကတော့ ဂျက်ဂျက်ရဲ. ဇနီးပါ။ သူတို.အားလုံး အသက် ရှစ်ဆယ်ကျော် တွေချည်းပဲ။ အဲလိဇဘတ်ကတစ်ခုသောနွေရာသီမှာသူဟာမိန်းကလေးငယ်တစ်ယောက်အနေနဲ. သူ.ရဲ. ၀မ်းကွဲ ညီမတစ်ယောက်ဆီသွားရောက်လည်ပတ်ခဲ့စဉ်ကအကြိမ်ပေါင်းများစွာရေကူးခဲ့တယ်လို.ပြောတယ်။ (အဲဒီတစ်ယောက်က ကယ်လ်ဒါမဟုတ်တာတော့ အသေအချာပဲ) သူတို.ရဲ. စကားဝိုင်းကို ကျမ၀င်ပါမိခဲ့တဲ့ အကြောင်းကတော့ ရေကူးရင် ရေအောက်မှာ အသက်ရှူဖို.လိုတယ်လို. အဲလိဇဘတ်ကပြောလို.ပါပဲ။

မဟုတ်ဘူးလို. ကျမအော်ခဲ့တယ်။ ဒီစကားဟာရက်သတ္တပတ်များစွာအတွင်းကျမကျယ်ကျယ်ပြောမိတဲ့ စကားပါပဲ။ ကျမနှလုံးသား ဟာ တစ်ယောက်ယောက်နဲ.ပထမဆုံးချိန်းတွေ.နေသလိုတထိတ်ထိတ် ခုန်လို.နေခဲ့တယ်။ အသက်ကိုအောင့်ထားရမယ်။


အဲလိဇဘတ်ဟာစိတ်ဆိုးသွားပုံရတယ်။ ပြီးတော့မှ နောက်တာပါ လို.ပြောတယ်။ ကယ်လ်ဒါကအသက်အောင့်ရမှာကို အရမ်း ကြောက်တယ်တဲ့။ ဘာ့ကြောင့်လဲဆိုတော့ သူ.ဦးလေးတစ်ယောက်ဟာအသက်အောင့်ပြိုင်ပွဲတစ်ခုမှာ အသက်အကြာကြီး အောင့်ထားရင်းနဲ. သေသွားခဲ့လို.တဲ့။

ဂျက်ဂျက်ကအဲဒါကိုတကယ်ယုံလားလို.မေးတော့ ကယ်လ်ဒါကတကယ်ယုံတယ်လို.ပြန်ဖြေတယ်။ ဂျက်ဂျက်ကမင်းဦးလေးက နှလုံးအမောဖောက်သေတာပါကွာ၊မင်းဒီအကြောင်းတွေ ဘယ်က ကြားလာတာလဲလို. ကယ်လ်ဒါကိုထပ်ပြောပြန်တယ်။

နောက်တော့ ကျမတို.တွေ ခဏလောက် တိတ်ဆိတ်ပြီးရပ်နေမိခဲ့ကြတယ်။ ကျမအဖော်တွေနဲ. ရှိနေတကိုတကယ် သဘောကျ မိပါတယ်။ ပြီးတော့ ဒီဆက်ဆံရေးရှေ.ဆက်ဖို.ကိုလည်းကျမမျှော်လင့်နေမိခဲ့တယ်။ တကယ်လည်းရှေ.ဆက်ခဲ့ပါတယ်။ ဂျက်ဂျက် ကဒီတော့ ရေကူးဖူးတယ်ပေါ့လို. မေးရာကနေရှေ.ဆက်ခဲ့တာပါပဲ။ကျမဟိုက်စကူးမှာတုန်းကရေကူးအသင်းမှာ ပါခဲ့တဲ့အကြောင်း၊ ပြည်နယ်အဆင့် ပြိုင်ပွဲ ၀င်ခဲ့ရပေမယ် ကက်သလစ်ကျောင်းဘစ်ရှော့အိုဒေါင်းကိုရှုံးခဲ့တဲ့ အကြောင်းတွေကိုပြောပြခဲ့တယ်။ သူတို. ကျမရဲ. ပုံပြင်ကိုတော်တော့် တော်တော်ကို စိတ်ဝင်စားခဲ့တယ်။ အရင်ကတော့ အဲဒါကိုပုံပြင်တစ်ပုဒ်လို. ကျမမထင်ခဲ့ပေမယ့် နောက်ဆုံးတော့ စိတ်လှုပ်ရှားစရာပုံပြင်တစ်ပုဒ်ဆိုတာနားလည်လာခဲ့တယ်။ ပုံပြင်တစ်ပုဒ်လုံးစိတ်လှုပ်ရှားရင်ခုန်စရာတွေ ပြည့်နေ ခဲ့တယ်။ အစောပိုင်းမှာတော့ အဲလိဇဘတ်၊ကယ်လ်ဒါ၊ဂျက်ဂျက် တို.ဟာပထမပိုင်းမှာတော့ နားမလည်ခဲ့ဘူး။ ကယ်လ်ဒါက ဘဲလ်ဗက်ဒါမှာရေကူးကန်တစ်ကန် ရှိစေချင်လိုက်တာလို. ပြောတယ်။ ခုဆိုသူတို.မြို.မှာသက်ရှိထင်ရှားရေးကူးနည်းပြတစ်ယောက် ရှိနေတာကံကောင်းလိုက်တာလို. သူကပြောတယ်။ ကျမကရေကူးနည်းပြတစ်ယောက်လို. မပြောခဲ့ပါဘူး။ ဒါပေမယ့် သူဘာဆိုလို လဲဆိုတာကိုကျမနားလည်ပါတယ်။ ရှက်စရာပါပဲ။

နောက်တော့ ထူးဆန်းတာတစ်ခု ဖြစ်ခဲ့တယ်။ အညိုရောင် လီနိုလီယမ်ကြမ်းပြင်ပေါ်ကကျမရဲ. ရှူးဖိနပ်ကိုကျမက်ြည့ခဲ့မိတယ်။ ဒီကြမ်းပြင်ဟာမဆေးမကြောတာ နှစ်တစ်သန်းလောက်ရှီပြီလို. ကျမခံစားနေခဲ့မိတတယ်။ ရုတ်တရတ်ကြီးကျမသေတော့မယ်လို. ခံစားမိလာတယ်။ ဒါပေမယ့် သေမယ့် အစားကျမရှင်တို.ကိုရေကူးသင်ပေးနိုင်ပါတယ်လို. ပြောလိုက်မိတယ်။ ကျမတို. ရေကူးကန် မရှိလည်းရပါတယ်။

ကျမတို. တစ်ပတ်နှစ်ကြိမ် ကျမရဲ.တိုက်ခန်းမှာဆုံဖြစ်ကြတယ်။သူတို. ရောက်လာတော့ နွေးဖျတဲ့ ပိုက်ကျရေတွေ ထည့်ထားတဲ့ ဇလားသုံးလုံးကို ကြမ်းပြင်ပေါ်မှာယှဉ်ပြီးချထားတယ်။ စတုတ္ထမြောက် ရေဇလားကိုတော့ အဲဒီ ဇလားသုံးလုံးရဲ.ရှေ.မှာ မျက်နှာ ချင်းဆိုင် ချလို.ထားတယ်။နည်းပြဆရာအတွက် ဇလားပေါ့။ရေထဲကိုကျမဆားရေထပ်ထည့်ထားတယ်။ ဆားရေနဲ.နှာချေ ရင် ကျန်းမာရေးကောင်းစေတယ်လို. ကျမယုံကြည်လို.ပါ။ သူတို.တွေ မတော်တဆ နှာချေမိမယ်ဆိုတာလည်းကျမသိလို.နေတယ်။ ရေထဲမှာ နှာခေါင်းနဲ. ပါးစပ်တွေကိုဘယ်လိုထားရမလဲဆိုတာကျမသူတို.ကို ပြပေးတယ်။ပြီးတော့ အသက်ရှူရမလဲဆိုတာလည်း ပြပေးခဲ့တယ်။ နောက်တော့ ခြေထောက်တေဘယ်လိုထား၊ ပြီးတော့ လက်ကိုဘယ်လိုထားဆိုတာ ပြခဲ့တယ်။

ဒီအခြေအနေကရေကူးသင်ဖို. ကောင်းမွန်ပြည့်စုံလှတဲ့ အခြေအနေတော့ မဟုတ်ဘူးလို.ကျမသူတို. ကိုရှင်းပြပါတယ်။ ဒါပေမယ့် ရေကူးကန် မရှိတဲ့အခါ အိုလံပစ်ပြိုင်ပွဲဝင်တွေ ဒီလိုမျိုးလေ့ကျင့်တတ်တယ် ဆိုတာကိုတော့ ကျမထောက်ပြခဲ့တယ်။ ဟုတ်တာပေါ့ ရှင်၊ အဲဒါကကျမရဲ. မုသားပါပဲ။ ဒါပေမယ့် အဲဒီမုသားကိုလိုအပ်ပါတယ်။ ကျမတို.လေးယောက်ဟာမီးဖိုချောင် ကြမ်းပြင်မှာစိတ်ဆိုး၊ ဒေါသထွက်၊စိတ်ပျက်လက်ပျက်ဖြစ်နေသလိုကျယ်လောင်စွာနဲ. ခြေထောက်တွေ ခတ်လို.နေကြရတာမဟုတ်လား။ ရေထဲမှာ မျက်နှာ ဘယ်လိုထားရမလဲဆိုတာကိုကယ်လ်ဒါကရက်သတ္တပေါင်းများစွာသင်ယူခဲ့ရပါတယ်။ အိုကေတယ်၊အိုကေတယ်လို. ကျမသူ.ကိုပြောခဲ့တယ်။ ကျမသူ.ကိုစာအုပ်တစ်အုပ်ပေးခဲ့တယ်။ ဇလားထဲမှာအဆင်မပြေဖြစ်တာ သဘာဝကျပါတယ် ကယ်လ်ဒါ။ ခန္ဓာကိုယကမသေချင်ဘူးလို. ရှင့်ကိုပြောနေတာပါ။ မသေချင်ဘူးလို. သူပြန်ဖြေတယ်။

ကျမသိသမျှ လက်ပစ်ကူးနည်းအကုန်ကိုသူတို.ကိုသင်ပေးခဲ့တယ်။ လိပ်ပြာကူးကတော့ မယုံကြည်နိုင်လောက်အောင်ပဲ။ ရှင်တို.တစ်ခါမှ တွေ.ဖူးမှာမဟုတ်တဲ့ ပုံစံမျိုးပေါ့။ ကြမ်းပြင်ပေါ်မှာရေတွေ ဖိတ်ကျလာမယ်လို. ကျမကပြောတော့ အရင်ဆုးံ ဖြစ်တာဂျက်ဂျက်ကဦးဆောင်ခဲ့တယ်။ အနည်းဆုံးတော့ သူကသတိရှိပါတယ်။ ဒါပေမယ့် ရေတွေ ဖိတ်ကျပြီး ကြမ်းပြင်ပေါ် အရင်ဆုံးလိမ့်ကျခဲ့တာကသူပါပဲ။ကြမ်းပြင်ပေါ် ဒလိမ့်ခေါက်ကွေးကျသွားပြီးတဲ့နောက် သူဟာရေတွေ၊ဖုန်တွေနဲ.ပေကျံနေတော့ တယ်။ ပြီးတော့ ကြမ်းပြင်ပေါ်မှာထပ်ကူးလို.နေတယ်။ ကယ်လ်ဒါကသူ.ကို ကြည့်တယ်။ ဒါပေမယ့် သူအရမ်းကြောက်လို.နေတယ်။ လက်နှစ်ဖက်စလုံးနဲ. စာအုပ်ကိုလည်းကိုင်လို.ထားတယ်။ ငါ့ဆီကူးလာခဲ့လို. ဂျက်ဂျက်ကပြောခဲ့ပေမယ့် သူဟာ ကြမ်းပြင်ပေါ်မှာ ကူးနိုင်ဖို. သူ.ရဲ. အပေါ်ပိုင်း ခန္ဓာကိုယ်ကိုအားတော်တော် သုံးလိုက်ရတယ်။

ကျမဟာရေထဲမဆင်းပဲဘေးနားကနေထိုင်ပြောနေတဲ့နည်းပြမျိုးပါပဲ။ ဒါပေမယ့်အချိန်တိုင်းမှာတော့ ကျမတော်တော် အလုပ်ရှုပ်နေခဲ့တယ်။ ဒီလိုပြောရတာမလွန်ဘူးလို.တော့ ကျမထင်ပါတယ်။ ကျမအားလုံးကိုအဆင်ပြေအောင် လုပ်နေရတယ်။ ကျမဟာအေရိုးဘစ်နည်းပြတစ်ယောက်လိုတစ်လျှောက်လုံးစကားတွေ ပြောနေရတယ်။ တစ်ချို. နားချိန်တွေမှာကျမခရာမှုတ် ပြောတယ်။သူတို.တွေဟာတစ်ညီတစ်ညွတ်ထဲနဲ. နောက်ကို ပြန်လှည့်ပြီးတစ်ဖက်ကိုကူးတယ်။အဲလိဇဘတ်ဟာ သူ.လက်တွေကို သုံးဖို. သတိမေ့နေတော့ ကျမအော်ပြီးသတိပေးရတယ်။ အဲလိဇဘတ်၊ ခြေထောက်တွေ ထောင်နေပြီ။ ခေါင်းကတော့ မြှပ်နေပြီ။ ပြီးတော့ သူဟာရူးရူးမူးမူးကိုလက်တွေ ခတ်တော့တယ်။ ချက်ချင်းပဲအရှိန်ရလာတယ်။ကျမရဲ. တွက်ချက်မှုတွေနဲ. ကျမရဲ. လက်တွေ.ကျတဲ့ နည်းစနစ်တွေကြောင့် သူတို.တွေဟာအကောင်းဆုံးအနေအထားကိုရလာပြီးရေငုပ်ကောင်းလာခဲ့တယ်။ သူတို. ရေငုပ်ကျွမ်းကျင်လာတယ်။ သူတို.ရဲ. လုံခြုံရေးကိုလည်းသတိထားရပါတယ်။ အဲလိဇဘတ်ကစည်းကမ်းတစ်ခုထပ်ထုတ်တယ်။ ကျမတို.လဲကျသွားရင် အော်သံတစ်ခုလုပ်ရမယ်လို.ပေါ့။ ကျမအတါက်တော့ ဒီဖန်တီးမှုကိုသိပ်မကြိုက်လှပေမယ့် ဆန်းသစ်မှု ကိုတော့ ကျမကတံခါးဖွင့်ထားပါတယ်။ ကျမဟာကျောင်းသားတွေဆီကနေ ပြန်သင်ယူတဲ့ ကျောင်းဆရာမမျိုး ဖြစ်ချင်ပါတယ်။

ကယ်လ်ဒါဟာသစ်ပင်လဲကျသလိုအသံမျိုးလုပ်တယ်။ သစ်ပင်ဟာအမဆိုရင် ပိုတူနိုင်တယ်။ အဲလိဇဘတ်ကတော့ တစ်လျှောက်လုံး ဆူညံသံတွေ လုပ်တယ်။ အချိန်တိုင်းလည်းတစ်သံထဲပဲ။ ဂျက်ဂျက်ကတော့ ၀ုန်းဝုန်းဆိုတဲ့ အသံကိုထွက်တယ်။ သင်ခန်းစာပြီးတော့ ကျမတို.အားလုံသဘက်တွေကို ချွတ်လိုက်ယ်။ ဂျက်ဂျက်ကကျမကိုလက်ဆွဲ နှုတ်ဆက်တတ်တယ်။ ကယ်လ်ဒါ နဲ. အဲလိဇဘတ်တို. နှစ်ယောက်ထဲကတစ်ယောက်ကကျမအတွက် ဟင်းပူပူတစ်ခွက်ပေးသွားတတ်တယ်။ ကျမရဲ. နည်းပြအလုပ်အတွက် သူတို.ရဲ. သိတတ်မှုပေါ့။ အဲဒါကြောင့် ကျမအလုပ်မယ်မယ်ရရလုပ်စရာမလိုခဲ့ဘူး။ သင်တန်းကတစ်ပတ်မှာမှ နှစ်နာရီထဲပါပဲ။ ကျန်တဲ့ နာရီတွေကတော့ ရေကူးမှာကိုအထောက်အကူ ဖြစ်စေမယ့် အကြောင်းအရာတွေကိုပြောပြတာပါ။ အင်္ဂါနေ.နဲ. ကြာသပတေးမနက် တွေမှာကျမနိုးတာနဲ. ရေးကူးလေ့ကျင့်ခန်းအကြောင်းစဉ်းစားတယ်။ ကျမသူတို.ကိုဓာတ်ဆီဆိုင်၊ဒါမှမဟုတ် စတိုးဆိုင်မှာတွေ. လိုက်တိုင်း နှာခေါင်း-အပ်ရေငုပ်သင်ခန်းစာလေ့ကျင့်ရဲ.လားလို. မေးတတ်လေ့ရှိတယ်။ သူတို.ကလေ့ကျင့်နေပါတယ် ဆရာမလို. ပြန်ဖြေတတ်တယ်။တစ်ယောက်ယောက်ကကိုယ့်ကိုဆရာမလို.ခေါ်ရင်ဘယ်လိုနေမလဲဆိုတာကျမမစဉ်းစားဖူးဘူး။ ဘဲလ်ဗက်ဒါမှာ ကျမရဲ. ကိုယ်ပိုင်အမှတ်အသားက လုံးဝ ကွဲပြားတယ်။ အဲဒီအကြောင်းကိုရှင်းပြဖို.ကလည်းခက်နေတယ်။ အဲဒီတုန်းကကျမမှာ ရည်းစားတစ်ယောက်မှ မရှိခဲ့ဘူး။ အနုပညာမလုပ်ခဲ့ဘူး။ အနုပညာလည်းမဆန်ခဲ့ဘူး။ ကျမဟာအပျော်တမ်းပါလေရာတစ်ယောက် ပါပဲ။ ကမဟာတကယ့်ကိုရေကူးအသင်းတစ်သင်းရဲ. အပျော်တမ်းနည်းပြဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကိုရှင် စိတ်ဝင်စားရင်တော့ ကျမအစောကတည်းကပြောပြခဲ့ပါတယ်။ ကျမတို. ရှေ.ဆက် ချိန်းတွေ.ရင်လည်းတွေ.နိုင်ခဲ့ပါတယ်။ စာအုပ်ဆိုင်ထဲမှာရှင့်ကို အဖြူရောင်ကုတ်အကျီင်္ဝတ်မိန်းမတစ်ယောက်နဲ. အတူရှိနေတာကိုကျမတွေ.တာအချိန် သုံးနာရီကျော်ပါပြီ။တော်တော်ကိုလန်းတဲ့ ကုတ်အကျီပါပဲ။ ရှင်ကတော်တော့်ကိုပျော်နေတာသိသာတယ်။ ဆန္ဒပြည့်ပြီးပုံလည်းရတယ်။ ကျမတို. လမ်းခွဲခဲ့တာ နှစ်ပတ်ပဲ ရှိသေးတာတောင်မှ။ ရှင့်ကိုအဲဒီမိန်းမနဲ. အတူမတွေ.ခင်အထိကျမရှင့်ကိုတကယ်ပြတ်၊မပြတ်ဆိုတာကျမမသေချာသေးဘူး။ ရှင်ဟာကျမနဲ. လုံးဝ ဝေးကွာသွားသလိုပဲ။ ကန်ရဲ. တစ်ဖက်ကလူတစ်ယောက်လိုပေါ့။ ယောက်ျားလား၊ မိန်းမလား၊ အသက် ကြီးလား၊ ငယ်လားဆိုတာမကွဲပြားနိုင်လောက်အောင် သေးငယ်တဲ့ အစက်လေးတစ်စက်ပေါ့။ ပြုံးနေတဲ့ အစက်လေးပါပဲ။ ဒီညကျမဘယ်သူ.ကိုလွမ်းနေလဲဆိုတော့ အဲလိဇဘတ်၊ကယ်လ်ဒါနဲ. ဂျက်ဂျက်ကိုပါ။သူတို. သေကြပြီဆိုတာကျမသေချာပါတယ်။ တကယ့်ကို ပြင်းပြင်းပြပြပူဆွေးရတဲ့ ခံစားမှုပါပဲ။ ကျမဟာသမိုင်းတစ်လျှောက် ၀မ်းအနည်းဆုံးသော ရေကူးနည်းပြဖြစ်နေတော့မှာပါပဲရှင်။

မိုးသက်ဟန်

(The Swim Team by Miranda July ကိုပြန်ဆိုသည်)

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။