Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

တတိယမြောက် နည်းပရိယာယ်
Chapter 1
တာရာမင်းဝေ

"ရိစ်. . . ယား"

ရှောင်လင်ကျောင်းတော်ဆီက မဟုတ်ပါဘူး။ ယုန်တို့ရဲ့ ကိုယ်ခန်ပညာ လေ့ကျင့်ရေးကျောင်းဆီကပါ။ ယုန်သူငယ်အပေါင်းက
အခုန်အပျံ လေ့ကျင့်နေကြတယ်။ ဆရာယုန်အိုကြီးက ခေါင်းတညိတ်ညိတ်နဲ့ လိုက်လံကြည့်ရှူရင်း လိုအပ်တာတွေကို ပြင်ဆင်ပေး
နေတယ်။ သူတို့ရဲ့လေ့ကျင့်မှုအဆုံးမှာ. . .

"ကဲ. . . မင်းတို့ရဲ့ လက်တွေ့လေ့ကျင့်ခန်းကတော့ ပြီးဆုံးသွားပြီ။ ဒီကနေ့ ဒီလောက်ပဲ။ စာတွေ့လေ့ကျင့်ခန်းကို ဆက်ကြမယ်"

ယုန်ဆရာအိုကြီးက ကျောက်သင်ပုန်းကြီးရှေ့မှာ ယုန်ဘာသာစကားနဲ့ စာတချို့ကို ရေးလိုက်ပြီး . . .

"ကဲ. . . ဒီနေ့မင်းတို့ကို သင်ပေးမှာကတော့ တတိယမြောက် နည်းပရိယာယ်ပဲ"

"ဟုတ်ကဲ့ပါ ဆရာကြီး"

"ခြသေ့င်္နဲ့တွေ့ရင် ရင်ဆိုင်နည်းပဲ"

ယုန်သူငယ်လေးတစ်ယောက်က အတွန့်တက်တယ်။

"ဆရာကြီး ခြသေ့င်္လို တောအုပ်ဘုရင်ကြီးက သားကောင်ကြီးကိုပဲ ဖမ်းစားမှာပေါ့။ ကျွန်တော်တို့လို ပိစိကွေးလေး
သတ္တဝါတွေကို ဘယ်ဖမ်းစားပါ့မလဲ"

ယုန်ဆရာအိုကြီး စိတ်တိုသွားတယ်။

"တော် တန် တိတ် ၊ ဘဝမှာ ဒါမျိုးလည်းကြုံရတတ်တာပဲ။ တတ်ထား ကျွမ်းကျင်ထားရမယ်။ ခြသေ့င်္ကိုတောင် ရင်ဆိုင်နိုင်ရင်
တခြား ဘယ်သူ့ကို မှုရတော့မှာလဲ"

ယုန်သူငယ်တွေ အားလုံး ငြိမ်သက်သွားတယ်။ ယုန်ဆရာအိုကြီးက သင်ခန်းစာကို ဆက်တယ်။ တစ်နေ့မှာယုန်တစ်ကောင်
ဟာ ခြသေ့င်္အစားခံရကိန်းနဲ့ ကြုံတယ်။ အဲဒီအခါမှာ ယုန်က ပြောတယ်။ ခုနကပဲ ခြသေ့င်္မင်းကြီး ကျွန်တော့်ကို လွှတ်ပေး
လိုက်ပြီ မဟုတ်လား။ ခု ဘာလို့ ပြန်ဖမ်းရတာလဲ တဲ့။ ခြသေ့င်္ကြီးက အံ့ဩသွားတယ်။ မင်းကို ငါ ဘယ်တုန်းက ဖမ်းပြီး
ဘယ်တုန်းက လွှတ်ခဲ့လို့တုန်းလို့မေးတယ်"

ယုန်သူငယ်တွေအားလုံး စိတ်ဝင်တစား နားထောင်နေကြတယ်။

"အဲဒီမှာ ယုန်ကခုနတုန်းက ဟိုနေရာမှာလေ ဆိုပြီး ခြသေ့င်္ကို ရေတွင်းတစ်ခုဆီ ဖြားယောင်းခေါ်ဆောင်သွားတယ်။ ရေတွင်း
ထဲကိုပြတယ်။ ခြသေ့င်္ကြီးက ငုံ့ကြည့်တော့ ရေတွင်းထဲက သူ့အရိပ်ကိုမြင်တယ်။ ဒေါသတွေ အရမ်းထွက်တော့တာပေါ့။
သူ့ပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ နောက်ထပ် ခြသေ့င်္တစ်ကောင်ပဲလို့ထင်ပြီး ခုန်အုပ်လိုက်တယ်။ ရေတွင်းထဲမှာ ရေနစ်
သေတော့တာပေါ့။ ယုန်ကလွတ်မြောက်သွားတယ်"

သူ့စကားကို နားထောင်နေတဲ့ ယုန်သူငယ်အပေါင်းက ဝမ်းသာအားရ ဖြစ်သွားတယ်။ ယုန်ဆရာအိုကြီးက အဲဒီလိုအဖြစ်အပျက်
ကို ရှုထောင့် အမျိုးမျိုးကနေ သရုပ်ခွဲပြီး သီအိုရီအမျိုးမျိုးနဲ့ ရှင်းလင်းသင်ကြားပေးတယ်။ အချိန်စေ့မှ ကျောင်းဆင်းတယ်။

ယုန်ဆရာအိုကြီးဟာ ယုန်သူငယ်အပေါင်းကို အဲဒီလို သင်ကြားပေးခဲ့တာ ကာလကြာပါပြီ။ ယုန်တို့ တတ်အပ်သောပညာတွေ
အတွက်ဆိုရင် သူသာ ဂုရုတစ်ဆူပါပဲ။ မနက်ခင်းဆို တောထဲမှာ လမ်းလျှောက်ထွက်တတ်တယ်။ မနက်ခင်းတစ်ခုမှာ ထုံးစံ
အတိုင်း သူ လမ်းလျှောက်ထွက်လာရင်း . . .

"ဪ မင်းက ငါ့ရှေ့တည့်တည့် ရောက်လာတာကိုး"

ကြည့်လိုက်တော့ ခြသေ့င်္ကြီးတစ်ကောင်။ ယုန်ဆရာအိုကြီးရဲ့ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။ သူများကို သင်မယ့်သာသင်ပေး
တာ သူကိုယ်တိုင်တွေ့တော့လည်း ကြောက်တာပဲ။ တုန်နေတဲ့ ဒူးကို အနိုင်နိုင်ထိန်းရင်း ကပျာကယာပြောလိုက်တယ်။

"ကျွန်တော့်ကို စားဖို့မကြိုးစားပါနဲ့တော့ ခြသေ့င်္ကြီး၊ ဟိုထောင့်နားက ခြသေ့င်္ကြီးတစ်ကောင်က ကျွန်တော့်ကို စားဖို့ စာရင်း
တို့ထားပြီးလို့ပါ"

"ဘယ်ထောင့်နားက ခြသေ့င်္ကြီးလဲ၊ ငါမသိပါလား၊ လိုက်ပြစမ်း"

ယုန်ဆရာအိုကြီးဟာ ခြသေ့င်္ကို ရေတွင်းတစ်ခုဆီ မျှားခေါ်သွားတယ်။

"အဲဒီရေတွင်းထဲမှာ ရှိပါတယ်"

ခြသေ့င်္ကြီးက ရေတွင်းထဲ ငုံ့ကြည့်လိုက်တယ်။ ဒါပေမဲ့ ယုန်ဆရာကြီးရဲ့ ညွှန်ကြားချက်လို သူ့အရိပ်ကို ခုန်မအုပ်ဘူး။
ဇဝေဇဝါနဲ့ကြည့်ရင်း . . .

"ဒီကောင့်ကို ငါမြင်ဖူးသလိုလိုပဲ"

ရေတွင်းထဲက ပဲ့တင်ထပ်သံ ပြန်လာတာပေါ့။

"ဒီကောင့်ကို ငါမြင်ဖူးသလိုလိုပဲ"

"ငါ့မိတ်ဟောင်း ဆွေဟောင်းထင်တယ်"

ရေထဲက ခြသေ့င်္အရိပ်ကလည်း ပါးစပ်လှုပ်ပြီး. . .

"ငါ့မိတ်ဟောင်း ဆွေဟောင်းထင်တယ်"

ပျော်မြူးသွားပြီး ရေတွင်းအပြင်က ခြသေ့င်္က ရေတွင်းထဲက ခြသေ့င်္ ပြုံးပြတယ်။ ရေတွင်းထဲက ခြသေ့င်္ကလည်း တစ်ပြိုင်တည်း
ပြုံးပြတယ်။ ခြသေ့င်္ကြီးက ယုန်ဆရာအိုကြီးဘက်ကို လှည့်ပြီး. . .

"ဟုတ်တယ်ကွ ငါ့မိတ်ဆွေ ငါ့ဆီ လာလည်တာ၊ သူ မင်းကို စားမယ်ဆို စားပါစေတော့"

ယုန်ဆရာအိုကြီးကို ကုပ်ကဆွဲပြီး ရေတွင်းထဲ ပစ်ချလိုက်တယ်။ ယုန်ဆရာအိုကြီး ရေတွင်းထဲကို "ဗွမ်း"ခနဲ ကျသွားပြီး
ဂယက်တွေကြားမှာ ခြသေ့င်္အရိပ်ကလည်း ပျောက်သွားတယ်။

"တော်တော်မြန်တဲ့ကောင်၊ ယုန်တစ်ကောင်ရတာနဲ့ ပျောက်သွားရော"

ခြသေ့င်္ကြီး ကြည်ကြည်နူးနူး ပြန်လှည့်ထွက်လာခဲ့တယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရေရွတ်သွားလေရဲ့။

"ဪ. . . ဧည့်သည်ကို ဧည့်ခံရတာ အိမ်ရှင်အတွက် မင်္ဂလာတစ်ပါးပါလားနော်"

တာရာမင်းဝေ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။