Lotayamm

search
မာတိကာ

contents

ထိပ်ဆုံးစာမျက်နှာ > ဝတ္ထုများ

စက်ရုပ်ဆိုသည်မှာ
Chapter 1
အရိုး

ဤကျက်သရေကင်းမဲ့သော ၀မ်းနည်းပူဆွေးမှုများနှင့် အမြဲတစေပြည့်နှက်လျှက် ရှိသော အခန်းထဲမှ ပြင်ပလောကသို့ သူပြန်ထွက်ခွင့်ရရန်မှာ မသေချာတော့ကြောင်း သူစ တင် တွေးမိသိရှိလိုက်ရသောနေ့က သူစတင်အသက်ဝင်ခဲ့လေသည်။ သို့သော်သူအ သက်ဝင်လာ ခဲ့ခြင်းကိုတော့ မည်သူကမျှ သတိမထားမိခဲ့ပါ။ သူကလည်း အနေအထိုင် ပိရိလွန်း၍လည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် ဤအခန်းအတွင်းသို့ ရောက်လာလိုက်ကြ ပြန်ထွက်သွားလိုက်ကြ နှင့် ၀င်ကာထွက်ကာ ရှိနေသော လူများအားလုံးသည် အေးအေးချမ်းချမ်းမရှိကြခြင်းကြောင့် တစ်ကြောင်း၊ ပူပင်သောကများနှင့် အမြဲတစေ ပြည့်နှက်နေကြခြင်းကြောင့် သူ့ကို ဂရုမစိုက်မိ ကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါ၏။ သူဆိုလိုသော အသက်ဝင်လာခြင်းမှာ သူ့ခြေ၊သူ့လက်၊သူ့ခေါင်းများကို စိတ်တိုင်းကျ လှုပ်ရှား၍ ရလာခြင်းကို ဆိုလိုလေသည်။ နဂိုကတည်း က အသက်ဝိညာဉ်ပါခဲ့လျက် အရာရာကို လိုက်လံမှတ်သားထားနိုင်စေခဲ့ပါမူ သူသည်ယခင်က လှုပ်ရှားနိုင်စွမ်းမရှိခဲ့။ ထို့ကြောင့် ယခင်ကသူသည် ဤစိတ်ညစ်ညူးစရာ အခန်းထဲမှ တစ်စုံတစ်ယောက်၏ ပယောဂမပါဘဲ ပြင်ပသို့မထွက်နိုင်ခဲ့။ သို့သော် သူ့ခြေလက်များ လှုပ် ရှားလာနိုင်၍ သူ့အားသူကိုးကာ ဤအခန်းထဲမှ ထွက်သွားနိုင်သော အခြေအနေတွင်မူ ဤ ကျက်သရေကင်းမဲ့သော၊ ၀မ်းနည်းပူဆွေးမှုနှင့် ပြည့်နှက်လျှက်ရှိသော အခန်းမှ ပြင်ပလောက သို့ သူထွက်သွားရန် မသင့်ကြောင်းကို သိရှိလိုက်ရလေသည်။ အဘယ်ကြောင့်ဆိုသော သူသည် လူတစ်ယောက်မဟုတ်ခြင်းကြောင့် ဖြစ်လေသည်။ သူသည် ခြောက်လက်မခန့်အ မြင့်ရှိ ခြေ၊လက်၊ခေါင်းများကို ရွှေ့နိုင်လှုပ်နိုင် ရွှေ့၍လှုပ်၍ရသော အ၀ါရောင် ကစားစရာစက် ရုပ်ကလေးသာဖြစ်၏။ ပို၍ တိတိပပဆိုရသော် သူသည် ဆေးရုံတစ်ခုမှ အသည်းအသန် က လေးလူနာများကိုသာ ထားတက်သည့် ICU အခန်းတစ်ခုထဲသို့ အကြောင်းတစ်ခုကြောင့် ရောက်ရှိလာခဲ့ရလေသော၊ ကလေးလူနာများ အချင်းချင်း လက်ဆောင်ပေးလွှဲပြောင်းကြခြင်း အားဖြင့် ဤ ICU အခန်းထဲတွင် နေထိုင်နေရလေသော ကစားစရာ စက်ရုပ်ကလေးတစ်ရုပ် ဖြစ်လေသည်။

သူ့အပေါင်းအဖော်များနှင့်အတူ သူနေထိုင်သော အရုပ်ဆိုင်ကြီးတစ်ခုမှ လူတစ် ယောက်သည် သူ့အား ၀ယ်ယူသွားခဲ့လေသည်။ (ထိုအရုပ်ဆိုင်ကြီးသို့ သူသည် ဝေးလံလှ သော နေရာတစ်ခုမှ အမျိုးမျိုးအဖုံးဖုံ ကြုံတွေ့ခဲ့ပြီး ရောက်ရှိလာခဲ့ခြင်းကို သူမှတ်မိ၏) သူ့ကို ငွေကြေးဖြင့် ၀ယ်ယူခဲ့သူသည် သူ့အား ဤအခန်းထဲသို့ယူလာကာ ဝေဒနာကြောင့် အေး စက်စက် သံကုတင်ပေါ်တွင် မလှုပ်နိုင်လှုပ်နိုင် အနိုင်နိုင် နေနေရသော ကိုးနှစ်ဆယ်နှစ်အ ရွယ် ကောင်လေးတစ်ယောက်ကို လက်ဆောင်ပေးခြင်းအားဖြင့် ဤအခန်းထဲမှ သူ့ဘ၀ကို စတင်စေခဲ့ခြင်းဖြစ်၏။

သူ၏ ပထမဆုံးပိုင်ရှင်ကလေးမှာ အသက်ကိုးနှစ်ခန့်သာရှိသေးသော ဂေါ်ရခါးလူ မျိုး ကောင်လေးတစ်ယောက်ဖြစ်၏။ ပထမတော့ သူ့ကိုကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဆော့ ကစားလေမလားဟု စိုးရိမ်မိသေး၏။ သို့သော် ကောင်ကလေးမှာ မွေးရာပါ သွေးကင်ဆာ ရောဂါသည်လေးဖြစ်၍ ဤအခန်းထဲသို့ ရောက်ရှိလာချိန်တွင် လှုပ်ရှားနိုင်စွမ်းပင် အားနည်း နေခဲ့လေပြီ။ ကောင်လေးသည် ဝေဒနာခံစားနေရချိန်များ၌ သူ့ကို ကိုင်ရုံကိုင်ကြည်နေခြင်း အားဖြင့်သာ ဝေဒနာမေ့လျော့နေအောင် ကြိုးစားသွားနိုင်ခဲ့ရှာလေသည်။ ကောင်လေး သူ့ အား ရင်ဘက်ပေါ်တင်လျှက် အိပ်ပျော်နေချိန်များတွင် ကောင်လေး၏ နောက်ဆုံးအချိန်များ နီးကပ်လာပြီဖြစ်ကြောင်း ဘေးလူများ ပြောနေကြစဉ်က ပထမဆုံးအတွေ့အကြုံဖြစ်၍ သူဘာ မှန်း မသိခဲ့။ အနည်းငယ် လှုပ်ရှားနိုင်သော တစ်ညတွင်တော့ ကောင်လေးသည် ဘေးကပ် လျက်ကုတင်မှ ခုနှစ်နှစ်အရွယ် ကောင်မလေးအား သူ့ကို လက်ဆောင်အဖြစ် အပြီးအပိုင် ပေး လိုက်လေ၏။
“နင်က မဆာ့ချင်တော့ဘူးလား”
“ငါက ဟိုအဝေးကြီး သွားရတော့မှာ”
“နင် ဘယ်မှ သွားလို့မရဘူးလေ”
“ငါ့စက်ရုပ်ကလေးသာ နင်ယူထားလိုက်ပါ၊ ငါသိတယ်၊ ငါဟိုအဝေးကြီး ရောက် သွားမှာ၊ ပြီးတော့ နာလည်းနာမှာ မဟုတ်တော့ဘူး၊ အဲဒီမှာကလေ…………”
အသံကလေးများ ဖျော့တော့တိုးတိတ်သွားခဲ့ပြီးနောက် ကောင်လေးကို လူအချို့မှ သယ်ဆောင်သွားခဲ့ကြလေသည်။

ဒုတိယသူ့ပိုင်ရှင်ကောင်မလေးမှာလည်း မွေးရာပါနှလုံးရောဂါသည်လေးဖြစ်ရာ သူ နှင့် ခဏသာ အတူနေခွင့်ရလိုက်ပြီးနောက် အဝေးကြီးသို့ ထွက်ခွာသွားသောအခါ သူ့အား လက်ဆင့်ကမ်းခဲ့ပြန်၏။

ထိုသို့ဖြင့် တစ်ယောက်…ပြီးတော့ နောကတစ်ယောက်….။

တစ်ခါတော့ ကလေးငယ်များ အချင်းချင်း လက်ဆင့်ကမ်းကြချိန်တွင် အယူ သီးသော လူကြီးအချို့မှ သူ့အား မကောင်းသော အတိတ်နိမိတ်အရုပ်ဟု စွပ်စွဲကြကာ လွှင့် ပစ်ရန်အထိပင် ခါးခါးသီးသီးကြံစည်ခဲ့ကြဖူး၏။ သို့သော် လက်ဆင့်ကမ်းသောကလေးနှင့် လက်ဆင့်ကမ်းခံရသောကလေး နှစ်ဦးစလုံးမှာ သွေးလွန်တုပ်ကွေးရောဂါသည်များသာဖြစ်၍ ရောဂါသက်သာလျက် ဆေးရုံပေါ်မှ ကောင်းမွန်စွာ ပြန်ဆင်းသွားကြသော အခါတွင်တော့ သူ့ကို ဘယ်လိုမှ သဘောမထားကြတော့။ ဆေးရုံပေါ်မှ အရုပ်တစ်ရုပ်အဖြစ်သာ ဘာသိဘာ သာ ထားလိုက်ကြတော့၏။ ဤသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြောင်းခဲ့သည်မှာ သူအသက်ဝင်လာသည်အထိ။ အသက်ဝင်လာပြီး နောက်တွင်လည်း ဤအခန်းသို့ နောက်ရောက်လာသည့် ကလေးများအတွက် သူဘယ်မှမသွားဖြစ်တော့။ ရောဂါဝေဒနာ ပြင်းထန်ချိန်များတွင် သူ့အားကိုင်တွယ်ပွတ်သပ် ဆော့ကစားကြခြင်းအာဖြင့် ရောဂါဝေဒနာ ဒဏ်ကို တစ်နည်းတစ်လမ်း သက်သာရာရှာတက်ကြသော ကလေးများအတွက် ဤအခန်းမှာ ပင် သူ နေနေဖြစ်တော့၏။ ကလေးများ အိပ်ပျော်လျှက်ရှိသည့် လသာသော ညတစ်ချို့တွင် တော့ သူသည်မည်သူမျှ မသိအောင် ပြတင်းပေါက်ပေါင်ပေါ်တက်ကာ သူရောက်ဖူးခဲ့၊ ရောက်ချင်ခဲ့သည် အပြင်လောကသို့ ငေးကြည့်တက်လေသည်။

တစ်ရက်တော့ ဤအခန်းထဲတွင် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတစ်ခု ကြာမြင့်လှသော ကာလတစ်လျှောက်၌ ဖြစ်ပျက်လာခဲ့လေသည်။ ကလေးလူနာနှစ်ယောက်တည်းသာ ရှိနေခြင်း။ ကလေးငယ်တစ်ဦးမှာ ဆယ်နှစ်၊ နောက်တစ်ဦးကား ရှစ်နှစ်၊ ယောင်္ကျားလေးများ ဖြစ်ကြ၏။ သူတို့ရောဂါသက်သာချိန်များတွင် သူနှင့်အတူတကွဆော့တက်ကြ၏။ ဆယ်နှစ် သားလေးကား မွေးရာပါ နှလုံးတွင် အပေါက်တစ်ခုပါလာသူ။ ရှစ်နှစ်သားလေးကား မကြာခဏ ဤအခန်းသို့ရောက်လာ၍ မကြာခဏရောဂါသက်သာကာ ပြန်သွားတက်သော သူနှင့်ပင်ရင်းနှီးနေပြီးဖြစ်သည့် မွေးရာပါပြင်းထန်သော အသက်ရှူကြပ် ရောဂါသည်လေး။ နှစ်ယောက်လုံးမှာ အမောမခံနိုင်ကြသည်ဖြစ်ရာ သူကို အလယ်ကထား လျှက် ကုတင်ကလေးတစ်ခုပေါ်တွင် မျာက်နှားချင်းဆိုင်ထိုင်ကာ ငြိမ်ငြိမ်ကစားကြရ၏။ နေ ရောင်ခြည်ပွင့်သော တစ်မနက်တွင်တော့ ဆယ်နှစ်သားနှလုံးရောဂါသည်လေးမှာ သူတို့အ ခေါ်အဝေါ် ဟိုအဝေးကြီးသို့ အပြီးအပိုင်ထွက်သွားခဲ့လေသည်။ သူနှင့်ရှစ်နှစ်သားကလေးသာ ကျန်ခဲ့၏။ နောက်လည်း ဘယ်သူမှ ထပ်ရောက်မလာတော့။

တစ်ညတွင်တော့ တစ်ဦးတည်းသော မိတ်ဆွေလေးမှာ ကြံကြံဖန်ဖန် အခန်းထဲတွင် ဘယ်သူမှမရှိချိန်၌ ရောဂါသည်းထန်လေတော့၏။ သူသည်မည်သို့မျှ မတက်နိုင်။ သူ့မိတ်ဆွေ လေးကိုသာ သနားစိတ်အပြည့်နှင့် ကြည့်နေရလေ၏။ မိတ်ဆွေလေးမှာ အသက်ရှူကျပ်သော ဝေဒနာကို ပြင်းထန်စွာ ခံစားနေရ၏။ အသက်ရှူသံမှာ ကျယ်လောင်လှ၏။ ရင်ဘက်ကလေး မှာ လွန်မင်းစွာ နိမ့်ချည်မြင့်ချည်။

သေမင်းမှာ တိတ်ဆိတ်စွာ ရောက်လာခဲ့လေပြီ။

သူ့မိတ်ဆွေလေး၏ အသက်ရှူသံမှာ တဖြည်းဖြည်းတိုးတိတ် သွားကာ နောက်ဆုံး ငြိမ်သက်တိတ်ဆိတ်သွားသည်ကို စိတ်မကောင်းခြင်း ကြီးစွာဖြင့် သူတွေ့နေရ၏။ သေမင်း သည် မိတ်ဆွေလေး၏ ၀ိညာဉ်နှင်အတူ တိတ်ဆိတ်စွာပင် ပြန်လည်ထွက်ခွာသွားခဲ့လေသည်။ ကျန်ခဲ့သည်ကတော့ ဤအခန်းထဲတွင် သူနှင့် ပက်လက်ကလေး ပူနွေးဆဲ မိတ်ဆွေကလေး။ သူတစ်စုံတစ်ရာကို ယတိပြတ် ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံးအနေဖြင့် ပြတင်းပေါင်သို့တက်က တစ်ခါက သူရောက်ဖူးချင်ခဲ့သည့် ဤအခန်း၏ အပြင်ဘက်လောကကို ခဏတာကြည့်၏။ ရှည်လျားလှသော ကာလတာတွင် သူမြောက်မြားစွာ နှစ်သိမ့်ပေးနိုင်ခဲ့သော ကလေးငယ်များ၏ မျက်နှာပုံရိပ်များကို သူပြန်တွေ့ နေရ၏။ သူတာဝန်ကျေခဲ့ပြီဟု သူကျေနပ်၏။

ပြတင်းပေါက်မှ သူပြန်ဆင်းကာ သူ့နောက်ဆုံး မိတ်ဆွေလေး၏ ရင်ဘက်ပေါ်သို့ တက်လိုက်၏။ သူ့နောက်ဆုံးမိတ်ဆွေလေးမျက်နှာကို သူပြုံးကာကြည့်ပြီးနောက် သူသည် သူ့မိတ်ဆွေလေး၏ ရင်ဘတ်ပေါ်သို့သူ့ရင်ဘတ်နှင့် ထိကပ်အိပ်ချလိုက်လေတော့၏။ သူ့ဝိညာဉ်သည် လက်ဆင့်ကမ်းရန် ဘယ်သူမှမရှိတော့သော ဤအခန်း ထဲမှ တစ်ဦးတည်း သော နောက်ဆုံးမိတ်ဆွေလေးဆီသို့……..

အ၀ါရောင်စက်ရုပ်ကလေးတစ်ရုပ် သေးဆုံးသွားခဲ့လေပြီ။

နောက်တစ်နေ့နံနက်တွင်တော့ နေရောင်ခြည်များကြားတွင် မိဘများနှင့်အတူ ရောဂါသက်သာပြန်သဖြင့် ပျော်ရွှင်စွာ အိမ်ပြန်သွားသော ရှစ်နှစ်သားအရွယ် ရင်ကျပ်ရောဂါ သည်လေးတစ်ယောက်ကို တွေ့ကြရလေသည်။ သူ့လက်ထဲတွင်တော့ လက်ဆင့်ကမ်းစရာ မရှိတော့သဖြင့် ဆေးရုံမှ ပေးလိုက်သော သေဆုံးနေပြီးဖြစ်သည့် အ၀ါရောင်စက်ရုပ်လေး တစ်ရုပ်ကို ပြင်ပလောကသို့ တယုတယပွေ့ကိုင်ကာ ခေါ်ဆောင်သွားခဲ့လေသည်။

အရိုး

ပင်မစာမျက်နှာသို့ပြန်သွားမည် >>