Lotayamm

search
မာတိကာ

contents

ဝတ္ထုများ > စာရေးသူ

သုမောင်
သုမောင်သည် နိုင်ငံကျော်စာရေးဆရာတစ်ယောက်ဖြစ်သည်။ သူသည် အကယ်ဒမီရ ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်သည့်အပြင် ထင်ရှားသည့် တေးရေနှင့် အဆိုရှင်တစ်ဦးလည်းဖြစ်သည်။ စာရေးဆရာ၊အယ်ဒီတာ၊ရုပ်ရှင်ဒါရိုက်တာ ဆရာကြီးဦးသာဓုနှင့် ဒေါ်ခင်ညိုတို့၏သားတစ်ဦးဖြစ်ပြီး မောင်ဝဏ္ဏနှင့်မင်းလူတို့၏ ညီအစ်ကိုဖြစ်သည်။ ငယ်စဉ်ကျောင်းသားဘဝမှာပင် ကဗျာများ ဝတ္တုတိုများကို စတင်ရေးသားခဲ့ပြီး ၁၉၇၀ခုနှစ်တွင် သနပ်ခါးရေကျဲ ဝတ္တုတိုကို ကလောင်အမည် အုပ်စိုးဖြင့် ဖော်ပြခံရင်း စာပေလောကသို့ဝင်ရောက်ခဲ့သည်။ အနုပညာသက်တမ်းတစ်လျှောက် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ၊ တေးသီချင်းပေါင်းများစွာ ၊ စာပေအရေးအသားများစွာ တို့ကို ဖန်တီးခဲ့ပြီး သုမောင်၏ ကွမ်းစကားဝတ္တုတိုများမှာ အထူးထင်ရှားသည် ။ ၂၀၀၁ ခုနှစ်တွင် အမေရိကန် အိုင်အိုဝါမြို့မှ အပြည်ပြည်ဆိုင်ရာစာပေဖွဲတော်တစ်ခုသို့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့သည်။ ၂၀၁၀ခုနှစ်တွင် ဇနီးသည် ဒေါ်အေးအေးမေနှင့်မိသားစုကို ချန်ရစ်၍ အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည် ။

သုမောင် ၏ ဝတ္ထုများ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။