Lotayamm

search
မာတိကာ

contents

ဝတ္ထုများ > စာရေးသူ

မြင့်သန်း
မြင့်သန်းကို ၁၉၄၉ခု ဇွန်လ ၂၃ရက် ကြာသာပတေးနေ့ တွင် မွေးဖွားသည်။မိဘများမှာ ဦးတင် နှင့် ဒေါ်အေးကျင်တို့ ဖြစ်ကြ သည်။ မြင့်သန်းမှာ ငယ်စဉ်မှ ၁၉၄၆ခုထိ စိန့် ဂျွန်း ယောကျာ်းလေးများကျောင်းတွင် ပညာဆည်းပူးခဲ့သည်။ ဒက္ခိဏာရုံ တိုက်သစ်စာချ ဘုန်းကြီး ဦးပဏ္ဍိ ၊အောင်မင်္ဂလာကျောင်း စာချ ဦးအဂ္ဂ၊ကျောက်မြောင်းကျောင်းတိုက် ဦးတေဇဓမ္မနှင့် ဒဂုန် ဦးဘသန်း(သျှင်သန်းမေ)တို့ မှာ မြင့်သန်း၏ ငယ်ဆရာ ၊ မြန်မာစာနှင့် ဆန်းသင်ဆရာများဖြစ်ကြသည်။ ဘွဲ့ လွန်ပညာရပ် များကို ရန်ကုန်တက္ကသိုလ်၊ ဆစ်ဒနီတက္ကသိုလ် နှင့် ဆစ်ဒနီအနောက်ဘက်တက္ကသိုလ်များတွင် လေ့လာဆည်းပူး ခဲ့သည်။ “လွတ်လပ်ခြင်း အယူအဆများကို နှိုင်းယှဉ်လေ့လာခြင်း” နှင့် “မြန်မာပြည်သို့ လာရောက်ခဲ့သော ကိုလိုနီအရာရှိတို့ ၏ အရေးအသားအားပြန်လည်လေ့လာချက်” ကျမ်းများရေးသားခဲ့သည်။သူ၏ ဝတ္ထုတိုများနှင့်မြန်မာစာပေ အရေးအသား များမှ သူ နှစ်ခြိုက်ခဲ့သူတို့ ၏ အရေးအသားများအပေါ် ပြန်လည်လေ့လာချက်များကို သူရေး၍သူကြိုက်သော ဝတ္ထုတိုများ ၊ သူဖတ်သောစာ ၊သူရေးသောစာ ၊ရောရောယောင်ယောင် မောင်ဘမောင် ၊ရွာ၏အခြားတစ်ဖက်ရှိချောင်းမှရေ နောက်ကျိ ရသည့်အကြောင်း (၂၀၀၅)နှင့် ဘာသာပြန်များအဖြစ် ကာ(ဖ)ကာ၏စာ(၂၀၀၁) ၊ ကာ(ဖ)ကာ၏ အရေးအသားများ [သမာဓိ၌တည်ခြင်း နှင့် ပြောင်းလဲခြင်း] (၂၀၀၂)၊လွင့်မြောနေသော ကမ္ဘာကြီး၏ အနုပညာသည်တစ်ဦး(၂၀၀၂) ၊ ဘေးမှနေ၍အားပေးခြင်း [လူစယွန်၏ ဝတ္ထုတိုများ-၁](၂၀၀၄)၊ဒဗ္ဗလင်မြို့ က လူများ(၂၀၀၄)၊ သူဖတ်၍ သူကြိုက်သော အရေးအသားများ (၂၀၀၄) ၊ပန်းရောင်လမ်းထောင့်မှလူ(၂၀၀၅)၊အယ်ဘတ်ကမူး၏ ဝတ္ထုတိုများ(၂၀၀၆)၊ဆင်ခြင်ခြင်း၏ အပသို့ ရောက်သွားသော လူတို့ ၏ အကြောင်းများ(၂၀၀၇)၊ဘောလဇက်နှင့် အပ်ချုပ်သမလေး၊ ပစ္စုပ္ပန်ကို ရှာမတွေ့ ကြ သူများ (၂၀၀၈) ၊လှေခါးထစ်များနှင့် အခြားဝတ္ထုတိုများ(၂၀၁၂) တို့ ကိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ မြန်မာမော်ဒန်ကဗျာများကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရန် အားထုတ်နေသည်။ “ ဗမာဟု ပုံဖော်ခံရသော မြန်မာများ အကြောင်း ” လေ့လာချက် ကျမ်းတစ်စောင်ကို သုတေသနပြု၍ အင်္ဂလိပ်ဘာသာနှင့် ရေးသားပြုစုလျက်ရှိသည်။ ကာ(ဖ)ကာ၏အရေးအသားများ ၊ ကိ(သ)၏ အရေးအသားများနှင့် အဂ္ဂရိတ်စာများ အကြိမ်ကြိမ်ဖတ်ခြင်း၊ မိုးရွာထဲ လမ်းလျှောက်ခြင်းနှင့် ဝီစကီသောက်ခြင်းများမှာ သူ့ ဝါသနာများဖြစ်ကြသည်။ ယခုအခါ မိခင်ကြီး ဒေါ်အေးကျင်၊ဇနီးဖြစ်သူ ဒေါ်သန်းသန်းရည်၊ကြောင်ကလေး “ တိုင်လာ” တို့ နှင့်အတူ ဆစ်ဒနီမြို့  အနောက်ဘက် တောင်ရိုးပေါ်တွင် နေထိုင်လျှက်ရှိသည်။

မြင့်သန်း ၏ ဝတ္ထုများ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>