Lotayamm

search
မာတိကာ

contents

ဝတ္ထုများ > စာရေးသူ

ခင်ခင်ထူး
- ၁၉၆၅ခုနှစ် ဒီဇင်ဘာလ ၁၇ရက်တွင်ဖွားမြင်သည်။ - ၁၉၉၃ခုနှင့်တွင် စာပေနယ်ပယ်သို့ဝင်ရောက်ခြဲ့ ပီး ဝတ္တုတိုများစွာနှင့် အခြားစာပေအရေးအသားများစွာတို့ကို ရေးသား ဖန်တီးခဲ့သည်။ - ၂၀၀၄ခုနှစ်တွင် ဖက်စိမ်းကွမ်းတောင် ဝတ္တုတိုဆုဖြင့် အမျိုးသားစာပေဆုကို ဆွတ်ခူးရရှိထားသည်။ - ခင်ခင်ထူး၏ ထင်ရှားသည့်အမှတ်အသားမှာ သူမ၏ စာပေအရေးအသားများတွင် မြန်မာလူမျိုးတို့၏ အထူးသဖြင့် အညာကျေးလက်နေပြည်သူတို့၏ ချစ်စဖွယ်ကောင်းသော ယဉ်ကျေးမှု ဓလေ့စရိုက် ရိုးရာအလှအပများကို အပေါ်လွင်ဆုံး ဖြစ်အောင် ချယ်မှုန်းနိုင်ခြင်းပင်ဖြစ်သည်။ - အခြားဝါသနာဖြစ်သည့် အားကစားနှင့်ပတ်သက်သော အရေးအသားများကိုလည်း ဖန်တီးခဲ့သည်။ - ခင်ပွန်းဖြစ်သူမှာ နိုင်ငံကျော်စာရေးဆရာ နေဝင်းမြင့်ဖြစ်ပြီး စာပေနယ်ပယ်တွင် ထင်ရှားသည့် အတွဲညီသော စံပြဇနီးမောင်နှံနှစ်ဦးဖြစ်သည်။ - ယခုအခါတွင် စာပေရေးသားခြင်းများ ၊နိုင်ငံအနှံ့ စာပေဟောပြောပွဲများလှည့်လည်ဟောပြောခြင်းများကို ဆောင်ရွက်လျက် မိသားစုနှင့်အတူ မန္တလေးမြို့တွင်နေထိုင်လျက်ရှိသည်။

ခင်ခင်ထူး ၏ ဝတ္ထုများ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>