Lotayamm

search
မာတိကာ

contents

ဝတ္ထုများ > စာရေးသူ

ချိုပိန်းနောင်
အဖေ ဦးမြင့်ထွေး အမေ ဒေါ်လှလှဝေ ၂၇ ဧပြီ ၁၉၈၈ မွေး။ မွေးချင်းသုံးယောက်အနက် အလတ်။ ငယ်စဉ်က ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်း (TTC) တွင် ပညာသင်ကြား။ မှော်ဘီ နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တို့ တွင် ပညာသင်။ အသက် ဆယ့်ခြောက်နှစ်တွင် ဝတ္ထုတိုများနှင့် ကဗျာများ စတင်စမ်းသပ်ရေးသား။ Blog ခေတ်တွင် PeMsKoOl လူငယ်ကဗျာဆရာအဖွဲ့ဝင် ကဗျာဆရာ (ကို)နေမြဲနှင့်အတူ Hegira အမည်ဖြင့် Blog ထောင်ကာ ကဗျာများ အတူရေးသားခဲ့။ ကိုနေမြဲ၏ ပထမဆုံးကဗျာစာအုပ်ဖြစ်သည့် ''ပုန်းရည်ကြီးမစ်ရှိတ်'' ကဗျာစာအုပ်တွင် ကိုနေမြဲ နှင့် တွဲဖက်ကာ ကဗျာရေးသားထုတ်ဝေခဲ့။ ကဗျာဆရာမ ပန်ဒိုရာစီစဉ်ခဲ့သော မြန်မာအမျိုးသမီးကဗျာဆရာများပါဝင်သည့် ''ကြိုးညှိခြင်း'' ကဗျာစာအုပ်တွင် စတင်ပါဝင်ပြီးနောက် ကဗျာလောက၊ နှင်းဆီဖြူ မဂ္ဂဇင်း၊ Family မဂ္ဂဇင်း၊ နွယ်နီမဂ္ဂဇင်းတို့ တွင် ကဗျာနှင့် အက်ဆေး၊ ဝတ္ထုတိုများ ဘာသာပြန်ဆောင်းပါးများ ရေးသားခဲ့။ ကဗျာနှင့် ဘာသာပြန်စာရေးဆရာ မိုးသက်ဟန်နှင့် ကဗျာဆရာ မောင်ဖုန်းမြင့်တို့ ဦးစီးသော High Speed Automobile Journal တွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့။ လက်ရှိအချိန်တွင် သမီးငယ် အအိကျန်၊ ခင်ပွန်း ကဗျာဆရာ ကိုနေမြဲတို့ နှင့်အတူ တာမွေမြို့နယ်တွင် ရိုးသားမှုဖြင့် အသက်ရှင်နိုင်ရန် ကြိုးစားနေထိုင်လျက်ရှိ။

ချိုပိန်းနောင် ၏ ဝတ္ထုများ

ပိုမိုသိရှိရန်
ပင်မစာမျက်နှာသို့ပြန်သွားမည် >>