Lotayamm

search
မာတိကာ

contents

ဝတ္ထုများ > စာရေးသူ

သူဝေး
၁၉၈၉ ခုနှစ် အောက်တိုဘာလ (၁၂) ရက်နေ့တွင် ' ကလေး' ဟူသော မြို့၌ မွေးဖွားခဲ့သည် ။ အသက် (၁) နှစ်သားခန့်တွင် မိသားစုမှ မန္တလေးသို့ပြောင်းရွှေ့ခဲ့သဖြင့် မန္တလေးတွင်သာ နေထိုင်ကြီးပြင်းခဲ့သည် ။မြန်မာစာစတင်ရေးသားတတ်ကတည်းက ကျောင်းစာမှလွဲ၍ တခြားစာများရေးသားချင်စိတ်ဖြစ်ပေါ်ခဲ့သည် ။ ‘ မင်းတိမ်ညို ( ဝင်ရိုးစွန်းတန်းလိပ်ပြာ)’ ဟူသည့် ကလောင်အမည်ဖြင့် ရေးသား၍ ၂၀၀၈ခုနှစ် စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင်ပါဝင်သော" ကြေးမုံထဲမှ မိုးရေစက်များ” ဝတ္ထုတိုမှာ ပထမဆုံးပုံနှိပ်စာမူဖြစ်သည် ။ ထိုကလောင် အမည်ဖြင့်ပင် ရတနာပုံတက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွင် ကဗျာနှင့် ဝတ္ထုတိုများ ဖော်ပြခံခဲ့ရသေးသည် ။ထို ရတနာပုံတက္ကသိုလ်မှပင် ဇီဝဓာတု မေဂျာဖြင့် (၂၀၀၉ - ၂၀၁၀ ) တွင် ဘွဲ့ရခဲ့သည် ။ ၂၀၁၁ ခုနှစ် တွင် 'သူဝေး' ကလောင် အမည်ဖြင့် လုံးချင်းဝတ္ထုများစတင်ရေးသားထုတ်ဝေခဲ့သည် ။ဘော်လုံးကစားခြင်းကို အထူးခုံမင်သလို ရံဖန်ရံခါ အားကစားဆောင်းပါးများ ၊ အားကစားနောက်ခံ ဝတ္ထု ၊ အက်ဆေးများရေးသားလေ့ရှိသည် ။ ယခု အချိန်တွင် မဂ္ဂဇင်း ၊ ဂျာနယ်များတွင် ဝတ္ထုတို ၊ ဆောင်းပါး ၊ အက်ဆေး ၊ ကဗျာများ ရေးသားလျှက်ရှိကာ ရန်ကုန်နှင့် မန္တလေးမြို့များတွင် သွားလာနေထိုင်လျှက်ရှိသည် ။

သူဝေး ၏ ဝတ္ထုများ

ပင်မစာမျက်နှာသို့ပြန်သွားမည် >>